မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်၊ မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ အိမ်ခြေ ၆၆ လုံး မီးလောင်ဆုံးရှုးခဲ့ပြီး အဆိုပါ မီးဘေးသင့်အိမ်ထောင်စု ၆၆ စုတိုအတွက် ရန်ကုန်မြို ဝေမျှခြင်းပရဟိတမိသားစုက အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန်တစ်ပိဿာနှင့် ခရမ်းချဉ်သီး တစ်ပိဿာစီတိုကို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် ပထမအကြိမ်အဖြစ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြောင်ကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု (၆၆)စုမှ လူဦးရေ (၂၅၂)ဦးအတွက် အကူအညီများ လိုအပ်လျက်ရှိရာ မြန်မာပြည်အရပ်ရပ်မှ မည်သူမဆို ကူညီလှူဒါန်းနိုင်ကြောင်းသိရပြီး ညောင်ဦးခရိုင်/ မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲများမှလည်းကောင်း၊ ညောင်ဦးမြို၊ ပုဂံမြိုရှိ လူမှုကူညီရေးပရဟိတ အသင်းများမှလည်းကောင်း၊ အလှူရှင်များကိုယ်တိုင်လည်း မြောင်ကျေးရွာအရောက် ကူညီလှူဒါန်းနိုင်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ညောင်ဦးမြို့နယ် မြောင်ကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ဆန်နှင့်ဟင်းချက်စရာများလှူဒါန်း”

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ အိမ်ခြေ ၆၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အဆိုပါ မီးဘေးသင့်အိမ်ထောင်စု ၆၆ စုတို့အတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန်တစ်ပိဿာနှင့် ခရမ်းချဉ်သီး တစ်ပိဿာစီတို့ကို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် ပထမအကြိမ်အဖြစ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြောင်ကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု (၆၆)စုမှ လူဦးရေ (၂၅၂)ဦးအတွက် အကူအညီများ လိုအပ်လျက်ရှိရာ မြန်မာပြည်အရပ်ရပ်မှ မည်သူမဆို ကူညီလှူဒါန်းနိုင်ကြောင်းသိရပြီး ညောင်ဦးခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များမှလည်းကောင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့ရှိ လူမှုကူညီရေးပရဟိတ အသင်းများမှလည်းကောင်း၊ အလှူရှင်များကိုယ်တိုင်လည်း မြောင်ကျေးရွာအရောက် ကူညီလှူဒါန်းနိုင်ကြောင်း သိရသည်။
#mhtnews