ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြီးခဲ့သည့်ရက်ပိုင်းက ပုသိမ်မြို့အတွင်း ဆိုင်ကယ်များ ခိုးယူ တတ်သည့် မသင်္ကာသူ သူရအောင်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုင်ဆောင်သော ပိုက်ဆံအိတ်အတွင်းမှ နံပါတ်တူ တစ်သောင်းကျပ်တန်ငွေစက္ကူအတု (၃) ရွက်ကို တွေ့ရှိရသည့်အပြင် ခိုးရာပါဆိုင်ကယ်များ ဝယ်ယူတတ်သူ သုဝစိုး ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သူ၏ ပိုက်ဆံအိတ်အတွင်းမှလည်း နံပါတ်တူ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ သိမ်းဆည်းရရှိခဲ့သဖြင့် ၎င်းတို့အား ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းထံမှ ငွေစက္ကူများမှာ ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးလမ်း၊ အိမ်အမှတ်-၁၆(ဂ)နေ ညဏ်ထွန်းဝင်းထံမှရရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဆိုပါနေရာသို့ သွားရောက်ရှာဖွေစစ်ဆေးရာ နေအိမ်ဒုတိယထပ် အိပ်ခန်းအတွင်းမှ ပုသိမ်မြို့နေသူ ညဏ်ထွန်းဝင်းနှင့် လှိုင်မင်းအောင် တို့နှစ်ဦးကို ငွေစက္ကူအတုများနှင့် ငွေစက္ကူအတုများပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရအရေးယူနိုင်ရန်တရားလိုပြုလုပ်တိုင်ကြားသဖြင့် ပုသိမ်နယ်မြေရဲစခန်းမှ (ပ)၁၆/၂၀၂၂ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့်အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက် လျှက်ရှိသည်။

#mhtnews

(Zawgyi)

“ဆိုင္ကယ္ခိုးယူတတ္တဲ့ မသကၤာသူကို ေခၚယူစစ္ေဆးရာမွ တစ္ေသာင္းတန္ေငြစကၠဴအတုျပဳလုပ္သူ ၂ ဦးကိုပါ သက္ေသခံပစၥည္းမ်ားနဲ႕အတူ ဖမ္းဆီးရမိ”

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕၌ ၿပီးခဲ့သည့္ရက္ပိုင္းက ပုသိမ္ၿမိဳ႕အတြင္း ဆိုင္ကယ္မ်ား ခိုးယူ တတ္သည့္ မသကၤာသူ သူရေအာင္အား ဖမ္းဆီးရမိခဲ့ၿပီး ၎ကိုင္ေဆာင္ေသာ ပိုက္ဆံအိတ္အတြင္းမွ နံပါတ္တူ တစ္ေသာင္းက်ပ္တန္ေငြစကၠဴအတု (၃) ႐ြက္ကို ေတြ႕ရွိရသည့္အျပင္ ခိုးရာပါဆိုင္ကယ္မ်ား ဝယ္ယူတတ္သူ သုဝစိုး ဆိုင္ကယ္ဝယ္ေရာင္းလုပ္ကိုင္သူ၏ ပိုက္ဆံအိတ္အတြင္းမွလည္း နံပါတ္တူ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတုမ်ား သိမ္းဆည္းရရွိခဲ့သျဖင့္ ၎တို႔အား ဆက္လက္စစ္ေဆးခဲ့ရာ ၎ထံမွ ေငြစကၠဴမ်ားမွာ ပုသိမ္ၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္၊ ျမတ္ေလးလမ္း၊ အိမ္အမွတ္-၁၆(ဂ)ေန ညဏ္ထြန္းဝင္းထံမွရရွိေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ အဆိုပါေနရာသို႔ သြားေရာက္ရွာေဖြစစ္ေဆးရာ ေနအိမ္ဒုတိယထပ္ အိပ္ခန္းအတြင္းမွ ပုသိမ္ၿမိဳ႕ေနသူ ညဏ္ထြန္းဝင္းႏွင့္ လွိုင္မင္းေအာင္ တို႔ႏွစ္ဦးကို ေငြစကၠဴအတုမ်ားႏွင့္ ေငြစကၠဴအတုမ်ားျပဳလုပ္ရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ေတြ႕ရွိဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိ တရားခံမ်ားအား ဥပေဒအရအေရးယူနိုင္ရန္တရားလိုျပဳလုပ္တိုင္ၾကားသျဖင့္ ပုသိမ္နယ္ေျမရဲစခန္းမွ (ပ)၁၆/၂၀၂၂ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ တို႔ျဖင့္အမႈဖြင့္လွစ္ကာ အေရးယူေဆာင္႐ြက္ လွ်က္ရွိသည္။

#mhtnews