ရခိုင်ပြည်နယ်၊စစ်တွေမြိုရှိ စစ်တွေတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂရုံး RC(2) နှင့် ဆရာများသမဂ္ဂရုံး RC(1) တိုကို ဖေဖော်ဝါရီ ၂၇ ရက်နောက်ဆုံးထား၍ ဖယ်ရှားရန် ကျောင်းတာဝန်ရှိသူများက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
သမဂ္ဂရုံးများအဖြစ်တည်ရှိသည့် အဆိုပါ အဆောက်အဦးများသည် ယခင်ကကျောင်းသား၊ကျောင်းသူများနားနေရန်အတွက် ဆောက်လုပ်ထားခြင်းဖြစ်သဖြင့် ယခုအခါ နားနေဆောင်များအဖြစ်ပြန်လည်အသုံးပြုရန် ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ကျောက်းသားများသမဂ္ဂက ပြောဆိုသည်။
“ရုံးနေရာနှစ်ခုလုံးကိုဖယ်ခိုင်းတယ်။ အစားထိုးနေရာပြန်ပေးဖိုမရှိဘူးလိုလည်းပြောတယ်။ ညှိနှိင်းတာတွေလုပ်ပေမယ့်အဆင်မပြေခဲ့ဘူး။” ဟုစစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
#mhtnews
(Zawgyi)
“စစ်တွေတက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းသားသမဂ္ဂရုံးကို ဖယ်ရှားရန် အဆိုပါတက္ကသိုလ်မှ ကျောင်းတာဝန်ရှိသူများမှ ပြောကြား”
ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂရုံး RC(2) နှင့် ဆရာများသမဂ္ဂရုံး RC(1) တို့ကို ဖေဖော်ဝါရီ ၂၇ ရက်နောက်ဆုံးထား၍ ဖယ်ရှားရန် ကျောင်းတာဝန်ရှိသူများက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
#mhtnews
Recent Comments