စစ်ကိုင်း၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်၊ အိုင်ဓမ္မကျေးရွာ သာဇင်- အိုင်ဓမ္မ- ညောင်ပင်ရှည်ကျေးရွာချင်းဆက်လမ်းဘေး၌ ယနေ့ (ဖေဖော်ဝါရီ ၃ ရက်) နံနက်ပိုင်းက သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းအား တွေ့ရှိရသဖြင့် နယ်မြေလုံခြုံရေးတပ်ဖွဲမှ သွးရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ညောင်ပင်ရှည်ကျေးရွာမှ ဦးဇော်ဝင်းဆိုသူဖြစ်ပြီး ၎င်းသည် ကျောင်းသား ကျောင်းသူများကို ဆားတောင်အထက်တန်းကျောင်းသို မော်တော်ယာဥ်ဖြင့် နေ့စဥ်ပိုဆောင်ပေးနေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဦးဇော်ဝင်းသည် ယနေ့နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအား ပိုဆောင်ပေးခဲ့ပြီးအပြန် တောင်ကြား- အင်းကျေးရွာချင်းဆက်လမ်း၌ PDF အကြမ်းဖက်သမားများမှ မိုင်းထောင်ထားကြောင်း သိရသဖြင့် မော်တော်ယာဥ်အား သာဇင်ကျေးရွာ၌ ထားရှိခဲ့ပြီး ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာခဲ့ရာမှ အခင်းဖြစ်နေရာ၌ PDF အကြမ်းဖက်အုပ်စုမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
စစ်ကိုင်းမြို့နယ်၌ အပြစ်မဲ့ပြည်သူတစ်ဦး အသတ်ခံရ


စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အိုင်ဓမ္မကျေးရွာ သာဇင်- အိုင်ဓမ္မ- ညောင်ပင်ရှည်ကျေးရွာချင်းဆက်လမ်းဘေး၌ ယနေ့ (ဖေဖော်ဝါရီ ၃ ရက်) နံနက်ပိုင်းက သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းအား တွေ့ရှိရသဖြင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့မှ သွးရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ညောင်ပင်ရှည်ကျေးရွာမှ ဦးဇော်ဝင်းဆိုသူဖြစ်ပြီး ၎င်းသည် ကျောင်းသား ကျောင်းသူများကို ဆားတောင်အထက်တန်းကျောင်းသို့ မော်တော်ယာဉ်ဖြင့် နေ့စဉ်ပို့ဆောင်ပေးနေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဦးဇော်ဝင်းသည် ယနေ့နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအား ပို့ဆောင်ပေးခဲ့ပြီးအပြန် တောင်ကြား- အင်းကျေးရွာချင်းဆက်လမ်း၌ PDF အကြမ်းဖက်သမားများမှ မိုင်းထောင်ထားကြောင်း သိရသဖြင့် မော်တော်ယာဉ်အား သာဇင်ကျေးရွာ၌ ထားရှိခဲ့ပြီး ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာခဲ့ရာမှ အခင်းဖြစ်နေရာ၌ PDF အကြမ်းဖက်အုပ်စုမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews