ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၌ ဆေးကုသမှုခံယူစဥ် ဖေဖော်ဝါရီ ၇ ရက်ညနေ ၅ နာရီ ၅၀ မိနစ်၌ပျံလွန်တော်မူသွားခဲ့သည့် စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်မွန်းတည့် ၁၂ နာရီကကျင်းပကြောင်း သိရသည်။

အဆိုပါ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခြင်းဖြစ်ကာ ပထမပိုင်းတွင် ပရိတ်တရားတော်များနာယူခြင်း၊ဧည့်ပရိသတ်များက ငါးပါးသီလခံယူခြင်း၊ဆရာတော်ကြီးများပေးပိုသည့် သံဝေဇနိယနှင့်ဥယျောဇနကထာများဖတ်ကြားခြင်း၊ဆရာတော်ကြီး၏ ထေရုပတ္တိအားဖတ်ကြားခြင်း၊ဓမ္မသံဝေဂသဝဏ်လွှာဖတ်ကြားခြင်းနှင့်ရေစက်ချခြင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။

ထိုနောက် အခမ်းအနား ဒုတိယပိုင်းအဖြစ် စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဓမ္မာရုံစံကျောင်းတော်မှတဆင့် လောင်တိုက်တော်အထိ အသီးသီးပင့်ဆောင်ကာ ဆရာတော်ကြီးများမှ စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား မီးပူဇော်ခွင့်ပြုရန် ခွင့်တောင်းလျှောက်ထားပြီးနောက် မီးပူဇော်ခဲ့ကြရြောင်း သိရသည်။
#mhtnews

(Zawgyi)
“စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပနအခမ်းအနားပြုလုပ်”

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူစဉ် ဖေဖော်ဝါရီ ၇ ရက်ညနေ ၅ နာရီ ၅၀ မိနစ်၌ပျံလွန်တော်မူသွားခဲ့သည့် စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်မွန်းတည့် ၁၂ နာရီကကျင်းပကြောင်း သိရသည်။

အဆိုပါ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခြင်းဖြစ်ကာ ပထမပိုင်းတွင် ပရိတ်တရားတော်များနာယူခြင်း၊ဧည့်ပရိသတ်များက ငါးပါးသီလခံယူခြင်း၊ဆရာတော်ကြီးများပေးပို့သည့် သံဝေဇနိယနှင့်ဥယျောဇနကထာများဖတ်ကြားခြင်း၊ဆရာတော်ကြီး၏ ထေရုပတ္တိအားဖတ်ကြားခြင်း၊ဓမ္မသံဝေဂသဝဏ်လွှာဖတ်ကြားခြင်းနှင့်ရေစက်ချခြင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအဖြစ် စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဓမ္မာရုံစံကျောင်းတော်မှတဆင့် လောင်တိုက်တော်အထိ အသီးသီးပင့်ဆောင်ကာ ဆရာတော်ကြီးများမှ စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား မီးပူဇော်ခွင့်ပြုရန် ခွင့်တောင်းလျှောက်ထားပြီးနောက် မီးပူဇော်ခဲ့ကြရြောင်း သိရသည္။
#mhtnews