စက်သုံးဆီဈေး မြင့်တက်နေမှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဓိကလမ်းမကြီးများ၌ ရာနှင့်ချီသည့် ကုန်တင်ထရပ်ကားများနှင့် တက္ကစီကားများမှ ဖေဖော်ဝါရီ ၈ ရက်တွင် ရပ်တန့်ပိတ်ဆို့ကာ ဆန္ဒပြနေကြောင်း သိရသည်။

လောင်စာဆီကို လက်ခံနိုင်လောက်သည့် ဈေးနှုန်းသတ်မှတ်ပေးရန် ပျက်ကွက်ခဲ့မှုအတွက် စွမ်းအင်ဝန်ကြီး ရာထူးမှ နုတ်ထွက်ပေးရန် ကားအချို့၌ စာတမ်းချိတ်ဆွဲထားသည်ကိုလည်း တွေ့ရသည်။

ဘန်ကောက်မြို့ မြောက်ဖက်ရှိ အဓိက အဝေးပြေးလမ်းမကြီးတလျှောက် ပိတ်ဆို့ဆန္ဒပြနေသည့် အဆိုပါ ထရပ်ကားများနှင့် တက္ကစီယာဉ်မောင်များကို ဖယ်ရှားပေးရန် ရဲတပ်ဖွဲ့က ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာလမှစ၍ ဒီဇယ်တစ်လီတာ ဘတ် ၃၀ သတ်မှတ်ထားခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ချုပ်အနေဖြင့် တစ်လီတာ ၂၅ ဘတ်နှုန်း သတ်မှတ်ပေးစေလိုတာဖြစ်ကြောင်း သိရပြီး ကမ္ဘာလုံးဆိုင်ရာ ဆီဈေးမြင့်တက်မှုကြောင့် အမှန်တစ်ကယ် ဒီဇယ်တစ်လီတာဈေးဟာ ၃၅ ဘတ်သတ်မှတ်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောဆိုထားကာ ထရပ်ကားသမားများ၏ တောင်းဆိုမှုကို လိုက်လျောလျှင် နိုင်ငံတော်မှ တစ်လလျှင် ဘတ်ငွေ ၁၈ ဘီလီယံခန့် စိုက်ထုတ်ရန် လိုအပ်လိမ့်မည်ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆွမ်ပေါ့ ပတ်တနာရီယန်ကူးလ်က ပြောဆိုခဲ့သည်။

#mhtnews

(Zawgyi)

“စက္သုံးဆီေဈး ျမင့္တက္မႈေၾကာင့္ ဘန္ေကာက္ၿမိဳ႕ရွိ ထရပ္ကားသမားမ်ား လမ္းပိတ္ဆႏၵျပ”

စက္သုံးဆီေဈး ျမင့္တက္ေနမႈေၾကာင့္ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ အဓိကလမ္းမႀကီးမ်ား၌ ရာႏွင့္ခ်ီသည့္ ကုန္တင္ထရပ္ကားမ်ားႏွင့္ တကၠစီကားမ်ားမွ ေဖေဖာ္ဝါရီ ၈ ရက္တြင္ ရပ္တန့္ပိတ္ဆို႔ကာ ဆႏၵျပေနေၾကာင္း သိရသည္။

ေလာင္စာဆီကို လက္ခံနိုင္ေလာက္သည့္ ေဈးႏႈန္းသတ္မွတ္ေပးရန္ ပ်က္ကြက္ခဲ့မႈအတြက္ စြမ္းအင္ဝန္ႀကီး ရာထူးမွ ႏုတ္ထြက္ေပးရန္ ကားအခ်ိဳ႕၌ စာတမ္းခ်ိတ္ဆြဲထားသည္ကိုလည္း ေတြ႕ရသည္။

ဘန္ေကာက္ၿမိဳ႕ ေျမာက္ဖက္ရွိ အဓိက အေဝးေျပးလမ္းမႀကီးတေလွ်ာက္ ပိတ္ဆို႔ဆႏၵျပေနသည့္ အဆိုပါ ထရပ္ကားမ်ားႏွင့္ တကၠစီယာဥ္ေမာင္မ်ားကို ဖယ္ရွားေပးရန္ ရဲတပ္ဖြဲ႕က ႀကိဳးပမ္းခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

ထိုင္းနိုင္ငံ၏ စြမ္းအင္ဝန္ႀကီးဌာနက ေအာက္တိုဘာလမွစ၍ ဒီဇယ္တစ္လီတာ ဘတ္ ၃၀ သတ္မွတ္ထားခဲ့ၿပီး ကုန္းလမ္းပို႔ေဆာင္ေရးအဖြဲ႕ခ်ဳပ္အေနျဖင့္ တစ္လီတာ ၂၅ ဘတ္ႏႈန္း သတ္မွတ္ေပးေစလိုတာျဖစ္ေၾကာင္း သိရၿပီး ကမၻာလုံးဆိုင္ရာ ဆီေဈးျမင့္တက္မႈေၾကာင့္ အမွန္တစ္ကယ္ ဒီဇယ္တစ္လီတာေဈးဟာ ၃၅ ဘတ္သတ္မွတ္ျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ေျပာဆိုထားကာ ထရပ္ကားသမားမ်ား၏ ေတာင္းဆိုမႈကို လိုက္ေလ်ာလွ်င္ နိုင္ငံေတာ္မွ တစ္လလွ်င္ ဘတ္ေငြ ၁၈ ဘီလီယံခန့္ စိုက္ထုတ္ရန္ လိုအပ္လိမ့္မည္ဟု ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဆြမ္ေပါ့ ပတ္တနာရီယန္ကူးလ္က ေျပာဆိုခဲ့သည္။

#mhtnews