မြန်မာနိုင်ငံတွင် ရုပ်စုံကျောင်းပေါင်းများစွာရှိသည့်အနက် စကုမြို့ရှိ ကန်ဦးရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံ ကျောင်း၊ မှန်ကင်းရုပ်စုံကျောင်းများမှာ ထင်ရှားလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ ဝင်ထွက် လေ့လာလျက်ရှိကြသည်။

စကုမြို့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းတည်ရှိပြီး မင်းဘူးမြို့မြောက်ဘက် ၁၀ မိုင်၊ ပွင့်ဖြူမြို့ တောင်ဘက် ၁၃ မိုင်အကွာတွင်တည်ရှိကာ နရပတိစည်သူမင်းက သက္ကရာဇ် ၁၂၀ ခုနှစ်တွင် လူ ၄၀၀၊ မြို့တံခါး ၉ ပေါက်ဖြင့် တည်ထားကြောင်း သိရသည်။ ရှေးအခါက ကျေးငှက်ပေါများရာ အရပ်ဖြစ်၍ သကုနအရပ်ဟု ခေါ်တွင်ရာကနေ စကုမြို့ဟု ဖြစ်လာခဲ့ကြောင်း လေ့လာသိရှိရသည်။

စကုမြို့တွင် စေတီပုထိုးပေါင်း ၁၄၄ ဆူရှိပြီး အလွန်ထင်ရှားလှတဲ့ နံရံဆေးပန်းချီများကို ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ ကျွဲတဲစေတီ၊ ဆုတောင်းပြည့်ရုပ်စုံစေတီများမှာ သုခုမအနုလက်ရာ ထူးချွန် ပြောင်မြောက်စွာ မြင်တွေ့နိုင်သဖြင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားစရာ နေရာတခု ဖြစ်လာခဲ့ပြီး ထိုအထဲတွင် စကုသုံးထပ် ရုပ်စုံကျောင်းနှင့် မှန်ကင်းရုပ်စုံကျောင်းများ၏ ရှေ့ဟောင်း ပန်းပုလက်ရာများသည်လည်း လွန်စွာပြောင်မြောက်လှသည်။

စကုရုပ်စုံကျောင်းများကို ကျောင်းဒါယကာ စကုမြို့ဝန်မင်းကြီး ဦးဆိုင်၊ ဝန်မင်းကတော် ဒေါ်ငွေ၊ (သား) မြို့အုပ်မင်း ဦးသိုက်၊ မြို့အုပ်မင်းကတော် မရိုး၊ (သမီး) မဝက်တို့က ကောဇာသက္ကရာဇ် ၁၂၆၆ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်နေ့တွင် သုံးထပ်ရုပ်စုံကျောင်း၊ မှန်ကင်းရုပ်စုံကျောင်းနှင့် ကန်ဦးဘုန်းတော်ကြီး ကျောင်းတို့ကို ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် ဦးဩသဓထံမှ သိရသည်။

စကုသုံးထပ် ရုပ်စုံကျောင်းမှာ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ အလျား ၁၃၁ ပေ၊ အနံ ၆၅ ပေခွဲရှိပြီး၊ တိုင်လုံးပေါင်း ၁၇၂ တိုင်ဖြင့်ဆောက်လုပ်၍ ကျောင်းအပြင်ဘက် တိုင် တစ်တိုင်ချင်းစီ၏ တိုင်ဖုံးများတွင် ရှေးခေတ်နန်းတွင်း သုခုမအနုလက်ရာများဖြင့် ပုဂံခေတ်နှင့် ၅၅၀ နိပါတ်တော်လာဗုဒ္ဓ ဖြစ်စဉ်များကို လက်ရာမြောက်စွာ ထုဆစ်ထားသည့် ပန်းပုရုပ်ပုံများမှာ ရင်သပ်ရှုမော အံ့ဩမဆုံးအောင် တွေ့မြင်ကြရပေမည်။

မြန်မာနိုင်ငံအတွင်းရှိ များပြားလှသော ဘုန်းတော်ကြီးကျောင်းများအနက် ဗုဒ္ဓဖြစ်စဉ်တော်များ၊ ၅၅၀ ဇာတ်နိပါတ်တော်လာ ဓမ္မပဒကျမ်းများမှ ဇာတ်ဝတ္ထုများကို သရုပ်ဖော် ထုလုပ်ထားသည့် သစ်သားပန်းပု ရုပ်များဖြင့် အလှဆင်ထားသော ကျောင်းများကို ရုပ်စုံကျောင်းများဟု ခေါ်ကြသည်။ ထိုရုပ်စုံ ကျောင်းများအနက် မန္တလေးရွှေအင်ပင် ရုပ်စုံကျောင်း၊ စစ်ကိုင်းရုပ်စုံကျောင်း၊ စလင်းရုပ်စုံကျောင်း၊ စလေ မြို့ရှိ ပန်းပုရုပ်စုံကျောင်းများအပြင် မကွေးတိုင်းဒသကြီး မင်းဘူးခရိုင်အတွင်းရှိ စကုမြို့ ကန်ဦးရုပ်စုံ ကျောင်း၊ စကုသုံးထပ်ရုပ်စုံကျောင်းနှင့် မှန်ကင်းရုပ်စုံကျောင်းများမှာ အထင်ရှားဆုံး ဖြစ်ကြသဖြင့် အများပြည်သူ လေ့လာနိုင်ရန် တင်ပြလိုက်ပါသည်။

(Zawgyi)

“စကုၿမိဳ႕၌ ေလ့လာနိုင္မည့္ ထူးခြၽန္ေျပာင္ေျမာက္ေသာ ေရွးေခတ္သုခုမအႏုလက္ရာမ်ားျဖင့္ ႐ုပ္စုံေက်ာင္းမ်ား”

ျမန္မာနိုင္ငံတြင္ ႐ုပ္စုံေက်ာင္းေပါင္းမ်ားစြာရွိသည့္အနက္ စကုၿမိဳ႕ရွိ ကန္ဦး႐ုပ္စုံေက်ာင္း၊ သုံးထပ္႐ုပ္စုံ ေက်ာင္း၊ မွန္ကင္း႐ုပ္စုံေက်ာင္းမ်ားမွာ ထင္ရွားလ်က္ရွိၿပီး အနယ္နယ္အရပ္ရပ္မွ ခရီးသြားျပည္သူမ်ား ဝင္ထြက္ ေလ့လာလ်က္ရွိၾကသည္။

စကုၿမိဳ႕သည္ မေကြးတိုင္းေဒသႀကီး မင္းဘူးခရိုင္အတြင္းတည္ရွိၿပီး မင္းဘူးၿမိဳ႕ေျမာက္ဘက္ ၁၀ မိုင္၊ ပြင့္ျဖဴၿမိဳ႕ ေတာင္ဘက္ ၁၃ မိုင္အကြာတြင္တည္ရွိကာ နရပတိစည္သူမင္းက သကၠရာဇ္ ၁၂၀ ခုႏွစ္တြင္ လူ ၄၀၀၊ ၿမိဳ႕တံခါး ၉ ေပါက္ျဖင့္ တည္ထားေၾကာင္း သိရသည္။ ေရွးအခါက ေက်းငွက္ေပါမ်ားရာ အရပ္ျဖစ္၍ သကုနအရပ္ဟု ေခၚတြင္ရာကေန စကုၿမိဳ႕ဟု ျဖစ္လာခဲ့ေၾကာင္း ေလ့လာသိရွိရသည္။

စကုၿမိဳ႕တြင္ ေစတီပုထိုးေပါင္း ၁၄၄ ဆူရွိၿပီး အလြန္ထင္ရွားလွတဲ့ နံရံေဆးပန္းခ်ီမ်ားကို ေထရ္ႀကီးေစတီ၊ ဘိုးနန္းသူေစတီ၊ ကြၽဲတဲေစတီ၊ ဆုေတာင္းျပည့္႐ုပ္စုံေစတီမ်ားမွာ သုခုမအႏုလက္ရာ ထူးခြၽန္ ေျပာင္ေျမာက္စြာ ျမင္ေတြ႕နိုင္သျဖင့္ ကမၻာလွည့္ခရီးသြားမ်ား စိတ္ဝင္စားစရာ ေနရာတခု ျဖစ္လာခဲ့ၿပီး ထိုအထဲတြင္ စကုသုံးထပ္ ႐ုပ္စုံေက်ာင္းႏွင့္ မွန္ကင္း႐ုပ္စုံေက်ာင္းမ်ား၏ ေရွ႕ေဟာင္း ပန္းပုလက္ရာမ်ားသည္လည္း လြန္စြာေျပာင္ေျမာက္လွသည္။

စကု႐ုပ္စုံေက်ာင္းမ်ားကို ေက်ာင္းဒါယကာ စကုၿမိဳ႕ဝန္မင္းႀကီး ဦးဆိုင္၊ ဝန္မင္းကေတာ္ ေဒၚေငြ၊ (သား) ၿမိဳ႕အုပ္မင္း ဦးသိုက္၊ ၿမိဳ႕အုပ္မင္းကေတာ္ မရိုး၊ (သမီး) မဝက္တို႔က ေကာဇာသကၠရာဇ္ ၁၂၆၆ ခုႏွစ္ နယုန္လျပည့္ေက်ာ္ ၆ ရက္ေန႕တြင္ သုံးထပ္႐ုပ္စုံေက်ာင္း၊ မွန္ကင္း႐ုပ္စုံေက်ာင္းႏွင့္ ကန္ဦးဘုန္းေတာ္ႀကီး ေက်ာင္းတို႔ကို ေဆာက္လုပ္လႉဒါန္းခဲ့ေၾကာင္း ေက်ာင္းထိုင္ဆရာေတာ္ ဦးဩသဓထံမွ သိရသည္။

စကုသုံးထပ္ ႐ုပ္စုံေက်ာင္းမွာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ကာ အလ်ား ၁၃၁ ေပ၊ အနံ ၆၅ ေပခြဲရွိၿပီး၊ တိုင္လုံးေပါင္း ၁၇၂ တိုင္ျဖင့္ေဆာက္လုပ္၍ ေက်ာင္းအျပင္ဘက္ တိုင္ တစ္တိုင္ခ်င္းစီ၏ တိုင္ဖုံးမ်ားတြင္ ေရွးေခတ္နန္းတြင္း သုခုမအႏုလက္ရာမ်ားျဖင့္ ပုဂံေခတ္ႏွင့္ ၅၅၀ နိပါတ္ေတာ္လာဗုဒၶ ျဖစ္စဥ္မ်ားကို လက္ရာေျမာက္စြာ ထုဆစ္ထားသည့္ ပန္းပု႐ုပ္ပုံမ်ားမွာ ရင္သပ္ရႈေမာ အံ့ဩမဆုံးေအာင္ ေတြ႕ျမင္ၾကရေပမည္။

ျမန္မာနိုင္ငံအတြင္းရွိ မ်ားျပားလွေသာ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအနက္ ဗုဒၶျဖစ္စဥ္ေတာ္မ်ား၊ ၅၅၀ ဇာတ္နိပါတ္ေတာ္လာ ဓမၼပဒက်မ္းမ်ားမွ ဇာတ္ဝတၳဳမ်ားကို သ႐ုပ္ေဖာ္ ထုလုပ္ထားသည့္ သစ္သားပန္းပု ႐ုပ္မ်ားျဖင့္ အလွဆင္ထားေသာ ေက်ာင္းမ်ားကို ႐ုပ္စုံေက်ာင္းမ်ားဟု ေခၚၾကသည္။ ထို႐ုပ္စုံ ေက်ာင္းမ်ားအနက္ မႏၱေလးေ႐ႊအင္ပင္ ႐ုပ္စုံေက်ာင္း၊ စစ္ကိုင္း႐ုပ္စုံေက်ာင္း၊ စလင္း႐ုပ္စုံေက်ာင္း၊ စေလ ၿမိဳ႕ရွိ ပန္းပု႐ုပ္စုံေက်ာင္းမ်ားအျပင္ မေကြးတိုင္းဒသႀကီး မင္းဘူးခရိုင္အတြင္းရွိ စကုၿမိဳ႕ ကန္ဦး႐ုပ္စုံ ေက်ာင္း၊ စကုသုံးထပ္႐ုပ္စုံေက်ာင္းႏွင့္ မွန္ကင္း႐ုပ္စုံေက်ာင္းမ်ားမွာ အထင္ရွားဆုံး ျဖစ္ၾကသျဖင့္ အမ်ားျပည္သူ ေလ့လာနိုင္ရန္ တင္ျပလိုက္ပါသည္။