စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းနှင့် ဧရာဝတီမြစ်ဆုံအနီးရှိ မြင်းခြံနယ်မြေအတွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်မွန်းလွဲ ၂ နာရီခန့်က PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ဆီသင်္ဘော ၅ စီးနှင့်ဝန်ထမ်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီသင်္ဘောများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ရက်နေ့က ရန်ကုန် သီလဝါဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဒီဇယ်များတင်ဆောင်ထွက်ခွာလာသော ဝင်းစိန်-၇ သင်္ဘော၊ ဧရာသရဖူ တွဲရေယာဉ်တို့သည် အခင်းဖြစ်နေရာအရောက်၌ သုဘောဂနဒီ၊ ဇွဲ- ၇၊ ဇွဲမန်ခန့် တွဲရေယာဥ်များနှင့်အတူ ရေယာဥ်ပေါ်ပါ လူပေါင်း (၅၀) ကျော်တို့ကို PDF အကြမ်းဖက်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးခံရစဥ် ဝင်းစိန်ရေယာဥ်မှ ပိုင်ရှင်ဖြစ်သူက လုံခြုံရေးတပ်ဖွဲ့ထံ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ရာမှ သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်ကာ ရေယာဥ်များအား ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်အတွင်း၌ PDF အကြမ်းဖက်သမားများသည် ရေယာဥ်ပေါ်ပါ ဒီဆယ်ဆီများကို တစ်ပေပါ ကျပ် ၂ သိန်းဖြင့် မဝယ်မနေရ ရောင်းချသွားသည့်အပြင် သင်္ဘောသားများ၏ အဝတ်အစား၊ ငွေကျေးများနှင့် လက်ကိုင်ဖုန်းများကိုပါ ယူဆောင်သွားကြကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ခ်င္းတြင္းႏွင့္ ဧရာဝတီျမစ္ဆုံအနီး PDF အၾကမ္းဖက္သမားမ်ား၏ ဖမ္းဆီးျခင္းခံခဲ့ရေသာ ဆီသေဘၤာမ်ားႏွင့္ ဝန္ထမ္းမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕မွ ျပန္လည္ကယ္ထုတ္”

စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းတြင္းႏွင့္ ဧရာဝတီျမစ္ဆုံအနီးရွိ ျမင္းၿခံနယ္ေျမအတြင္း၌ ေဖေဖာ္ဝါရီ ၂၅ ရက္မြန္းလြဲ ၂ နာရီခန့္က PDF အၾကမ္းဖက္သမားမ်ား၏ ဖမ္းဆီးျခင္းခံခဲ့ရေသာ ဆီသေဘၤာ ၅ စီးႏွင့္ဝန္ထမ္းမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ကယ္ထုတ္နိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဆီသေဘၤာမ်ားသည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁၄ရက္ေန႕က ရန္ကုန္ သီလဝါဆိပ္ကမ္းမွ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ဒီဇယ္မ်ားတင္ေဆာင္ထြက္ခြာလာေသာ ဝင္းစိန္-၇ သေဘၤာ၊ ဧရာသရဖူ တြဲေရယာဥ္တို႔သည္ အခင္းျဖစ္ေနရာအေရာက္၌ သုေဘာဂနဒီ၊ ဇြဲ- ၇၊ ဇြဲမန္ခန့္ တြဲေရယာဥ္မ်ားႏွင့္အတူ ေရယာဥ္ေပၚပါ လူေပါင္း (၅၀) ေက်ာ္တို႔ကို PDF အၾကမ္းဖက္က ဖမ္းဆီးလိုက္ျခင္းျဖစ္သည္။

ထိုသို႔ဖမ္းဆီးခံရစဥ္ ဝင္းစိန္ေရယာဥ္မွ ပိုင္ရွင္ျဖစ္သူက လုံၿခဳံေရးတပ္ဖြဲ႕ထံ ဖုန္းျဖင့္ဆက္သြယ္အေၾကာင္းၾကားခဲ့ရာမွ သက္ဆိုင္ရာ နယ္ေျမလုံၿခဳံေရးတပ္ဖြဲ႕မ်ားႏွင့္ခ်ိတ္ဆက္ကာ ေရယာဥ္မ်ားအား ကယ္ထုတ္နိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္အတြင္း၌ PDF အၾကမ္းဖက္သမားမ်ားသည္ ေရယာဥ္ေပၚပါ ဒီဆယ္ဆီမ်ားကို တစ္ေပပါ က်ပ္ ၂ သိန္းျဖင့္ မဝယ္မေနရ ေရာင္းခ်သြားသည့္အျပင္ သေဘၤာသားမ်ား၏ အဝတ္အစား၊ ေငြေက်းမ်ားႏွင့္ လက္ကိုင္ဖုန္းမ်ားကိုပါ ယူေဆာင္သြားၾကေၾကာင္း သိရသည္။

#mhtnews