ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြိုနယ် ဗဟိုစံပြငါးဈေးဆိပ်ကမ်းမှာ ရပ်ထားတဲ့ ငါးအရောင်းစက်လှေတစ်စီးဟာ ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၄ နာရီဝန်းကျင်ခန့်မှာ ဓါးပြတိုက်ခံရတယ်လို သိရပါတယ်။

ဓားပြတိုက်ခံရတဲ့စက်လှေဟာ ဗဟိုစံပြငါးဈေးမှာ ငါး၊ ပုဇွန်များရောင်းချဖို ထန်းတပင်မြိုနယ်ကနေ လာရောက်တဲ့ “စိန်ဝင်းခိုင်” အမည်ရှိငါးစက်လှေဖြစ်ပြီး ငါးဈေးကမ်းနားအနီးမှာရပ်နားနေစဉ် စက်လှေ (၂) စီးနဲ့ လူ(၁၅) ဦးခန့်က တုတ်၊ ဓါးများကိုင်ဆောင်ရောက်ရှိလာပြီး စက်လှေပေါ်ပါ လုပ်သားများကို တုတ်၊ ဓါးများနဲ့ ရိုက်နှက် ထိုးခုတ်ကာ၊ စက်လှေပေါ်ပါပုဇွန်အချိန် (၅၀)ခန့်၊ တန်ဘိုး (၁၀)သိန်းခန့်၊ငွေ(၄)သိန်းကျပ်နဲ့ ဖုန်း၄လုံးတိုကို လုယူထွက်‌ပြေးသွားတယ်လို သိရပါတယ်။

ရိုက်နှက်ထိုးခုတ်မှုကြောင့် ငါးစက်လှေပေါ်ပါ ဦးကြည်ဝင်း (၅၂)နှစ်၊ နတ်သမင်ကျေးရွာ၊ ထန်းတပင်မြိုနယ်နေသူအပါအဝင် လူ (၈)ဦးတို (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့တယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးဆိပ်ကမ်းမှာရပ်ထားတဲ့ ငါးအရောင်းစက်လှေတစ်စီး ဓါးပြတိုက်ခံရ”

ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးဆိပ်ကမ်းမှာ ရပ်ထားတဲ့ ငါးအရောင်းစက်လှေတစ်စီးဟာ ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၄ နာရီဝန်းကျင်ခန့်မှာ ဓါးပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့စက်လှေဟာ ဗဟိုစံပြငါးဈေးမှာ ငါး၊ ပုဇွန်များရောင်းချဖို့ ထန်းတပင်မြို့နယ်ကနေ လာရောက်တဲ့ “စိန်ဝင်းခိုင်” အမည်ရှိငါးစက်လှေဖြစ်ပြီး ငါးဈေးကမ်းနားအနီးမှာရပ်နားနေစဉ် စက်လှေ (၂) စီးနဲ့ လူ(၁၅) ဦးခန့်က တုတ်၊ ဓါးများကိုင်ဆောင်ရောက်ရှိလာပြီး စက်လှေပေါ်ပါ လုပ်သားများကို တုတ်၊ ဓါးများနဲ့ ရိုက်နှက် ထိုးခုတ်ကာ၊ စက်လှေပေါ်ပါပုဇွန်အချိန် (၅၀)ခန့်၊ တန်ဘိုး (၁၀)သိန်းခန့်၊ငွေ(၄)သိန်းကျပ်နဲ့ ဖုန်း၎လုံးတို့ကို လုယူထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ရိုက်နှက်ထိုးခုတ်မှုကြောင့် ငါးစက်လှေပေါ်ပါ ဦးကြည်ဝင်း (၅၂)နှစ်၊ နတ်သမင်ကျေးရွာ၊ ထန်းတပင်မြို့နယ်နေသူအပါအဝင် လူ (၈)ဦးတို့ (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။
#mhtnews