ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို ပြန်လည်ထွက်ခွာ/ သွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် ဆိုးလ်မြိုရှိ မြန်မာသံရုံးက ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၉၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့သည်။

အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို (၁၆:၂၅) နာရီတွင် ထွက်ခွာခဲ့ပြီး၊ ဘရာဇီးမှ (၃) ဦး၊ ကနေဒါမှ (၂) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၄) ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၃၇) ဦး၊ စုစုပေါင်း (၅၆) ဦးတို စီးနင်းလိုက်ပါခဲ့ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်”

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/ သွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၉၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့သည်။

အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ (၁၆:၂၅) နာရီတွင် ထွက်ခွာခဲ့ပြီး၊ ဘရာဇီးမှ (၃) ဦး၊ ကနေဒါမှ (၂) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၄) ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၃၇) ဦး၊ စုစုပေါင်း (၅၆) ဦးတို့ စီးနင်းလိုက်ပါခဲ့ကြောင်း သိရသည်။
#mhtnews