ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုအောက်ရှိ YBS ယာဉ်လိုင်းကုမ္ပဏီများထံသို့ ပြေးဆွဲနေသည့်ယာဉ်များတွင် လိုက်ပါစီးနင်းသည့် ခရီးသည်များနှင့် ယာဉ်မောင်းများအား ကိုဗစ်−၁၉ ရောဂါကူးစက်မှုကို တားဆီးထိန်းချုပ်နိုင်စေရေးအတွက် ကန့်သတ်စည်းကမ်းများကိုလိုက်နာရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါညွှန်ကြားစာတွင် YBS ခရီးသည်တင်ယာဉ်မောင်းများအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး မောင်းနှင်စေရန်၊ ယာဉ်ပေါ် အတက်၊ အဆင်းတိုင်း လက်သန့်ဆေးရည်ဖြင့် ဆေးကြောရန်၊ YBS ခရီးသည်တင်ယာဉ် စီးနင်းမည့်ခရီးသည်အား (Mask) တပ်ဆင်ထားမှသာ စီးနင်းခွင့်ပြုရန်၊ YBS ခရီးသည်တင်ယာဉ်များ တစ်ခေါက်ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖြန်းရန်၊ လေဝင်၊ လေထွက်ကောင်းမွန်စေရန်အတွက် ကားပြတင်းပေါက်များကို တတ်နိုင်သမျှဖွင့်၍ မောင်းနှင်ရန်၊ ခရီးသည်များအား ခရီးစဉ်တလျှောက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်၍ စီးနင်းစေရန်၊ ခရီးသည်များ စီးနင်းမှုများပြားသည့် နံနက်ရုံးတက်ချိန်နှင့် ညနေရုံးဆင်းချိန်များတွင် YBS ယာဉ်များအား ခပ်စိပ်စိပ်စေလွှတ်သွားရန် တို့ပါဝင်သည်။

ယခုအခါ YRTC အနေဖြင့် YBS မှတ်တိုင်များနှင့် ယာဥ်များပေါ်တွင် နှာခေါင်းစီး Mask ဝေငှခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ကိုဗစ္ကူးစက္မႈ တားဆီးထိန္းခ်ဳပ္နိုင္ေရးအတြက္ YBS ယာဥ္ေမာင္းႏွင့္ ခရီးသည္မ်ားအား ကန့္သတ္စည္းကမ္းမ်ားလိုက္နာရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္”

ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC) စီမံမႈေအာက္ရွိ YBS ယာဥ္လိုင္းကုမၸဏီမ်ားထံသို႔ ေျပးဆြဲေနသည့္ယာဥ္မ်ားတြင္ လိုက္ပါစီးနင္းသည့္ ခရီးသည္မ်ားႏွင့္ ယာဥ္ေမာင္းမ်ားအား ကိုဗစ္၁၉ ေရာဂါကူးစက္မႈကို တားဆီးထိန္းခ်ဳပ္နိုင္ေစေရးအတြက္ ကန့္သတ္စည္းကမ္းမ်ားကိုလိုက္နာရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားေၾကာင္း သိရသည္။

အဆိုပါၫႊန္ၾကားစာတြင္ YBS ခရီးသည္တင္ယာဥ္ေမာင္းမ်ားအားလုံး ပါးစပ္ႏွင့္ႏွာေခါင္းစည္း (Mask) တပ္ဆင္ၿပီး ေမာင္းႏွင္ေစရန္၊ ယာဥ္ေပၚ အတက္၊ အဆင္းတိုင္း လက္သန႔္ေဆးရည္ျဖင့္ ေဆးေၾကာရန္၊ YBS ခရီးသည္တင္ယာဥ္ စီးနင္းမည့္ခရီးသည္အား (Mask) တပ္ဆင္ထားမွသာ စီးနင္းခြင့္ျပဳရန္၊ YBS ခရီးသည္တင္ယာဥ္မ်ား တစ္ေခါက္ေျပးဆြဲၿပီးတိုင္း ပိုးသတ္ေဆးျဖန္းရန္၊ ေလဝင္၊ ေလထြက္ေကာင္းမြန္ေစရန္အတြက္ ကားျပတင္းေပါက္မ်ားကို တတ္နိုင္သမွ်ဖြင့္၍ ေမာင္းႏွင္ရန္၊ ခရီးသည္မ်ားအား ခရီးစဥ္တေလွ်ာက္ ပါးစပ္ႏွင့္ႏွာေခါင္းစည္း (Mask) တပ္ဆင္၍ စီးနင္းေစရန္၊ ခရီးသည္မ်ား စီးနင္းမႈမ်ားျပားသည့္ နံနက္႐ုံးတက္ခ်ိန္ႏွင့္ ညေန႐ုံးဆင္းခ်ိန္မ်ားတြင္ YBS ယာဥ္မ်ားအား ခပ္စိပ္စိပ္ေစလႊတ္သြားရန္ တို႔ပါဝင္သည္။

ယခုအခါ YRTC အေနျဖင့္ YBS မွတ္တိုင္မ်ားႏွင့္ ယာဥ္မ်ားေပၚတြင္ ႏွာေခါင္းစီး Mask ေဝငွျခင္းမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

#mhtnews