ညောင်ဦး ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းရှိ ဆင်များအား ကိုဗစ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု အကြိမ်ရေ ၃၃၀ ကျော်ရှိအထိရှိခဲ့ပြီး နောက်ထပ် ကျွေးမွေးရန် Online မှ ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံတစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိ ဖွင့်လှစ်ထားရှိပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ် လှူဒါန်းနိုင်ကြောင်းနှင့် ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်ထိ လှူဒါန်းလျှက်ရှိပြီး တစ်နေ့လျှင် ဆင် ၇ ကောင်အတွက် တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
ကိုဗစ်ကာလအတွင်း ပလင်းကမ်းသာယာ ဆင်စခန်းရှိဆင်များအား Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးလှူဒါန်းမှု အကြိမ်ရေ ၃၃၀ ကျော်ရှိ

ညောင်ဦး ဖေဖော်ဝါရီ ၎

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းရှိ ဆင်များအား ကိုဗစ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု အကြိမ်ရေ ၃၃၀ ကျော်ရှိအထိရှိခဲ့ပြီး နောက်ထပ် ကျွေးမွေးရန် Online မှ ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံတစ်ဦးထံမှ သိရသည်။

#mhtnews