(နစက)ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံတက်ရောက်ရန်အတွက် ရုရှားနိူင်ငံမော်စကိုမြို့ကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပြီး ဒါဟာနိူင်ငံတော်အာဏာကိုထိမ်းပြီးနောက် ဒုတိယမြောက် တရားဝင် နိူင်ငံတကာခရီးစဉ်လည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ မော်စကိုမြို့မှာကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာလုံခြုံရေးညီလာခံကို တက်ရောက်ဖို့ မြန်မာပြည်ရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ မော်စကိုမြို့ကိုထွက်ခွာသွားတယ်လို့ နိူင်ငံပိုင် သတင်းဌာန MRTV ကလည်းတရားဝင် ကြေညာခဲ့ပါတယ်။
ဒီညီလာခံကိုတက်ရောက်ဖို့ ရုရှားကာကွယ်ရေးဝန်ကြီးက တရားဝင်ဖိတ်ကြားခဲ့တာဖြစ်ပြီး မြန်မာနိူင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကလည်း လေဆိပ်ကိုလိုက်ပါပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ရုရှားနိူင်ငံမှာ ဘယ်လောက်ကြာကြာနေမယ်ဆိုတာကိုတော့ ထုတ်ဖေါ်ပြောကြားခြင်းမရှိပါဘူး။
ရုရှားနိူင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ဗိုလ်ချုပ်မှူးကြီးနဲ့အဖွဲ့ မော်စကိုမြို့ကို တနင်္ဂနွေနေ့က ချောမောစွာရောက်ရှိခဲ့တယ်လို့ ရုရှားနိူင်ငံပိုင် RIA သတင်းဌာနကမေးမြန်းချက်ကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့မေလကလည်း ရုရှားနိူင်ငံမှာကျင်းပတဲ့ စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်ပြပွဲကို မြန်မာလေတပ်ဦးစီးချုပ်တက်ရောက်ခဲ့ပြီး ယ္ခုအကြိမ်ကတော့ ကုလအထွေထွေညီလာခံက မြန်မာနိူင်ငံကို လက်နက်မတင်သွင်းရေး ဆုံးဖြတ်ချက်ချအပြီး မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်တယောက် ပထမဆုံးအကြိမ်ရုရှားနိူင်ငံကို တရားဝင် ရောက်ရှိလာခြင်းဖြစ်ကြောင်တင်ပြလိုက်ရပါတယ်။
Recent Comments